Friday, January 17, 2014

Jailbreak ပြုလုပ်ပြီး IDevices များအတွက် မြန်မာဖောင့်နှင့် ကီးဘုတ်ကို မှန်ကန်စွာ ထည့်သွင်းနည်း

IDevices များတွင် jailbreak ပြုလုပ်ပြီး မြန်မာဖောင့်နှင့် keyboard ကိုတော့ အားလုံးနီးပါး ထည့်ကြပါသည်။ သိုရာတွင် နည်းလမ်းမမှန်၊ version မှားယွင်းစွာ ထည့်သွင်းမိပါက မြန်မာဖောင့် မပေါ်ခြင်း။ keyboard မတွေ့ရခြင်း၊ နောက်ဆုံး apple logo က နေမတက်သည်အထိ ဖြစ်တတ်ပါသည်. ထို့အတွက် နည်းလမ်းမှန်ကန်စွာ ထည့်သွင်းနိုင်ပါရန် ပို့စ်တင်လိုက်ပါသည်.. 

  1. မြန်မာဖောင့်ထည့်ရန်အတွက်  cydia >>> manage >>> sources >> edit >> add တွင် cydia.macforus.com ကို add Source လုပ်ပါ. 
  2. မြန်မာ keyboard ထည့်ရန်အတွက် အပေါ်ကအတိုင်း  add တွင် ttkz.me/apt ကို add source လုပ်ပါ
  3. မြန်မာဖောင့်ထည့်ရန် cydia >>> manage >>> sources  တွင် မိမိသွင်းထားသော cydia.macforus.com ပေါ်နေလိမ့်မည်။ cydia.macforus.com  ကိုနှိပ်ပါ. (မည်သည့် tweak မှ မတွေ့ပါက sources ကိုdelete လုပ်ပြီး add sources ပြန်လုပ်ပါ။). zawgyi ios 7 font ကို install လုပ်ပါ။ restart springboard ကိုနှိပ်ပါ။ home screen ပေါ်လာသည်နှင့် မြန်မာဖောင့်ရပါပြီ။  note တွင် ပေါ်စေချင်ပါက http://d.pr/f/M8Es+  အား safari တွင်ဖွင့်ပြီး install လုပ်ပါ။  iDevices တွင် မြန်မာဖောင့်နေရာတိုင်းပေါ်နေပါပြီ။
မြန်မာကီးဘုတ်ထည့်ရန် 
  1. cydia >>> manage >>> sources  တွင် မိမိသွင်းထားသော ttkz.me/apt ပေါ်နေလိမ့်မည်။ ttkz.me/apt ကိုနှိပ်ပါ (မည်သည့် tweak မှ မတွေ့ပါက sources ကိုdelete လုပ်ပြီး add sources ပြန်လုပ်ပါ။) 

    ttKeyboard for iOS7 (Beta) ကို install လုပ်ပါ။ 

     restart springboard ကိုနှိပ်ပါ။ home screen ပေါ်လာသည်နှင့် 
ပုံတွင် မြှားထိုးထားသည့် ကမ္ဘာလုံးပုံ ကိုနိပ်ပါ ။ မြန်မာကီးဘုတ်ပေါ်ပါက myanmar keyboard သွင်းခြင်း ပြီးဆုံးပါပြီ။

ttkeyboard သွင်းသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မပေါ်သေးပါက MMKeyboard ios 7+ ဖြင့် အသုံးပြုနိုင်ပါသည်။ ttkeyboard မရပါက cydia ကနေ install လုပ်သည့် လမ်းကြောင်းအတိုင်းသွားပြီး remove လုပ်ပြီးမှ MMKeyboard 7+ ကိုသွင်းပါ။

MMKeyboard ios 7+ သွင်းရန် 
  1. cydia >>> manage >>> sources  တွင် မိမိသွင်းထားသော cydia.macforus.com ပေါ်နေလိမ့်မည်။ cydia.macforus.com  ကိုနှိပ်ပါ. (မည်သည့် tweak မှ မတွေ့ပါက sources ကိုdelete လုပ်ပြီး add sources ပြန်လုပ်ပါ။)  
  2. MMKeyboard ios 7+ ကို install လုပ်ပါ။  
  3. restart springboard ကိုနှိပ်ပါ။
    1.  မိမိ device မှ setting >> General >> keyboard >> keyboards >> Add New Keyboard >> တွင် Czech ကိုရွေးပါ။ အဆင့်ဆင့် ပြန်ထွက်ပါ။  ကီးဘုတ် ပေါ်မပေါ် search တွင် ကမ္ဘာလုံးပုံ ကိုနှိပ်ပြီး ရိုက်ကြည့်ပါ။  အဆင်ပြေပါစေ...
CREDITS TO ALL ORIGINAL UPLOADERS
thanks all,,,,    kzt (mmug)

3 comments:

  1. အစ်ကိုdebဖိုင်လေးနဲ့ တင်ပေးပါလားခင်ဗျာ

    ReplyDelete
  2. အစ်ကို စိုးကြီးရေ တင်ပေးချင်ပါတယ်. ဒါပေမယ့် မြန်မာ developer တွေ ရေးထားတဲ့ tweak မို့လို့ လေးစားတဲ့အနေနဲ့ သူတို့ရဲ့ original sources ကနေ အားပေးပါလားဗျာ.. ကျေးဇူးတင်ပါတယ်..

    ReplyDelete
  3. Ttkeyboardပဲသုံးချင်တာ မပေါ်ဘူး

    ReplyDelete