Sunday, January 19, 2014

Cydia မှ မိမိကိုယ်တိုင် အပ်ထားသော sources များ ဖျက်မရခြင်းကို ဖြေရှင်းခြင်းနည်းလမ်း

******  သတိပြုရန် ****** 
ဤနည်းလမ်းသည် cydia original sources ကို မှားယွင်းပြီး ဖျက်မိနိုင်သဖြင့် မိမိဖျက်ချင်သော source name ကို မှန်ကန်စွာ ရွေးချယ်ကြပါရန် 

ဒီနည်းလမ်းကို သုံးမည်ဆိုရင်  မိမိ iDevice တွင် ifile ရှိရန် လိုအပ်ပါကြောင်း 
(ifile မရှိသေးပါက   iphone.gsm.vn  source မှ  ios7 အတွက် free ရနိုင်ပါကြောင်း)
ပုံနှင့်တကွ ဖော်ပြသွားပါမည်..... 


ပုံတွင်ပြထားသည့်အတိုင်း ကျွန်တော့် cydia >> manage >> sources တွင် cydia.vn သည် ဖျက်လို့မရပါ။



  1. မိမိ ဖျက်လိုသော်လည်း ဖျက်၍ မရသော cydia source name ကို သေချာမှတ်ထားပါ။ (ဥပမာ အထက်ပါပုံတွင် ပြထားသည့်အတိုင်း ကျွန်တော့ cydia တွင်  ( Cydia.vn) သည် ဖျက်မရပါ. အဲဒီအတွက် ကျွန်တော်ဖျက်လိုသော cydia source ( cydia.vn) ကို မှတ်ထားပါ။ )
  2. IFile ကိုဖွင့်ပါ။  private/etc/apt/sources.list.d    ကိုဖွင့်ပါ။ 
  3. မိမိ အပ်ထားသော cydia sources တွေကို အောက်ပါပုံအတိုင်း မြင်ရလိမ့်မည်။ 




     4       မိမိ remove လုပ်ချင်သော sources name ကိုရှာပါ ။  တစ်ခုချင်းစီ နှိပ်ပြီး text viewer ဖြင့်ကြည့်ပါ (ဥပမာ  မိမိ remove လုပ်ချင်တော့ source သည် cydia.list ထဲရောက်နေပါက  cydia.list ကို text viewer ဖြင့်ဖွင့်ပါ ။ အောက်ပါပုံအတိုင်းပေါ်လာလိမ့်မည်) 


   5    မိမိဖျက်လိုသော sources name တွေ့လျင်  အထက်ပါပုံတွင်ပြထားသည့် ဘယ်ဘက်အပေါ်ဒေါင့်က edit ကို နှိပ်၍ keyboard မှ backspace ကို နှိပ်ပြီး  deb ကစ၍ စာကြောင်းဆုံးသည်အထိ ဖျက်ပေးပါ ။ သတိ ။( မိမိ ဖျက်လိုသော sources name တစ်ကြောင်းတည်းပါ  နောက် deb ဖိုင် မစမှီ အထိပါ)

     6     မိမိဖျက်လိုသော cydia source သည် အောက်ကပုံအတိုင်း cydia.list ထဲတွင်  ရောက်မနေပဲ file သီးသန့် ရှိနေပါက ( ဥပမာ - ကျွန်တော်ဖျက်လိုသော cydia.vn သည် အောက်ပါပုံတွင် မြှားထိုးထားသည့် အတိုင်း ရှိနေပါက သေချာအောင် text viewer နဲ့ ဖွင့်ကြည့်ပါ အထဲတွင် မိမိ ဖျက်လိုသော sources name ရှိပါက back ဖြင့် ပြန်သွားပြီး အောက်ပါပုံတွင် ပြထားသည့် ညာဘက်ဒေါင့်ရှိ edit ကို နှိပ် မိမိဖျက်လိုသော source ကို select မှတ် ပြီး delete လုပ်ပါ  ) 

    7      cydia တွင် ပြန်ကြည့်ပါ။ မိမိ ဖျက်၍ မရသော source သည် cydia အတွင်းမှ ပျောက်ကွယ်သွားပေလိမ့်မည်  ..  ကျွန်တော်ပထမဆုံးပုံတွင်ပြထားသော ဖျက်မရသော cydia.vn သည်  ယခုအောက်ပါပုံအတိုင်း ပျောက်သွားပေလိမ့်မည် .... 


ဘော်ဒါတို့ အဆင်ပြေသွားကြတယ်ဆိုရင် comment လေးများ ဝင်ရေးပေးကြပါလားဗျာ... ကျေးဇူးတင်ပါတယ်ဗျာ.... 

refer from iijailbreak

credits to all original uploaders
kzt (mmug)










3 comments:

  1. ဘော်ဒါတွေ ရကြလားဗျ

    ReplyDelete
  2. ကျနော်လည်း အဲ့ကောင် ဖျက်ချင်နေတာ ..အဆင်ပြေသွားပါပြီ... ကျေးဇူးပါ

    ReplyDelete