Monday, January 20, 2014

IOS dynamic Wallpaper တွင် မိမိစိတ်ကြိုက် ပြင်ဆင်ခြင်း

**** သတိပြုရန် *****

***** ယခုလုပ်ဆောင်မှုသည် IOS firmware ၏ system file ကို ပြင်မှာဖြစ်သည့်အတွက် မပြင်ခင် သက်ဆိုင်ရာဖိုင်များအား back up ယူထားကြပါရန်  *****


***** backup ယူထားရမည့် ဖိုင်များ ****** system/library/proceduralwallpapers/proceduralwallpapers.bundle မှ bokeh.png ကို backup လုပ်ထားပါ.


***** download ယူထားရမည့် ဖိုင်များ ****** 



*** ပြုလုပ်နည်းအဆင်ဆင့် ***
  1. mediafire မှ ဒေါင်းထားသော ပုံမှ စက်ဝိုင်းထဲကို (Adobe Photoshop) အသုံးပြု၍  မိမိ စိတ်ကြိုက်ပုံများထည့်သွင်းပါ။ ( စက်ဝိုင်းထဲသို့ထည့်သွင်းပါက စက်ဝိုင်း ဘောင်အတွင်း ကို သာထည့်သွင်းပါ။ အောက်ပါပုံကိုကြည့်ပါ။ ) ထိုအဝိုင်းအတွင်း မိမိတတ်သလို design ဖော်နိုင်သည်
  2. မိမိစိတ်ကြိုက်ပြင်ဆင်ပြီး ပုံများကို bokeh.png ဖြင့်  save လုပ်ထားပါ။
  3. ပြင်ထားသော bokeh.png အား system/library/proceduralwallpapers/proceduralwallpapers.bundle    ထဲသို့ ထည့်ပါ။ overwrite လုပ်မလားဆိုရင်  " yes " ရွေးပေးပါ။ ဖုန်းကို respring လုပ်ပေးပါ။
  4. setting >> wallpaper & Brightness >> choose wallpaper >> dynamic >> တွင် မိမိစိတ်ကြိုက် animation ရွေးပါ ။  lock screen or home screen ကို မိမိစိတ်ကြိုက်ရေးပါ။  
  5. lock screen ကို mark ပေးထားလျှင် lock screen တွင် ကြည့်ပါ။
  6. home screen ကို mark ပေးထားလျင် home screen တွင်ကြည့်ပါ။
  7. မိမိထည့်သွင်းထားသော အစားထိုး ပုံလေးများ ရွှေ့လျားနေပြီဖြစ်ပါသည်။
  8. system default ပုံစံပြန်ထားချင်ပါက backup လုပ်ထားသော bokeh.png ကို system/library/proceduralwallpapers/proceduralwallpapers.bundle   သို့ overwrite ထည့်လိုက်ပါ။ နဂိုမူလပုံပြန်ရမည်ဖြစ်သည် ။

အဆင်ပြေပါစေ 

credits to all original uploaders

thanks all . .  kzt (mmug)

ဆက်ရန် ။ dynamic wallpaper တွင် မိမိစိတ်ကြိုက် background ပုံများအစားထိုးခြင်း။



0 comments:

Post a Comment